Wednesday 16 May 2012

ကရင့်အကြောင်း သိကောင်းစရာများ

 source : http://mahnkoko.blogspot.com/

အခုတွေ့ရတဲ့ အလံကတော့ ကရင့်အလံဖြစ်ပါတယ်။ ၁၉၃၇ နှစ်မှာ ကရင့်အမျိုးသားသီချင်းနဲ့
အတူ မြန်မာပြည် ပါလီမန်ကနေပြီး အသိအမှတ်ပြု သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ပိုပြီးပြည့်စုံတဲ့
နောက်ခံသမိုင်းကြောင်း တွေကိုလည်း နောင်အခန့်သင့်တဲ့အခါ ကြိုးစားဖေါ်ပြပေးသွားမှာ ဖြစ်ပါ
တယ်။

     ကရင်လူမျိုးတွေဟာ လက်ရှိမြန်မာပြည်ထဲကို BC ၇ ရာစုနဲ့ ရှေ့ပိုင်းလောက်ကတည်းက ဝင်
ရောက်နေထိုင်လာခဲ့ကြရာမှာ ယနေ့ ကရင်ပြည်နယ်လို့ သိရှိကြတဲ့နယ်မြေတွေထက် ကျယ်ကျယ်
ပြန့်ပြန့် ရောက်ရှိနေထိုင်ခဲ့ကြပါတယ်။

     ဒီကနေ့အချိန်မှာတော့ ပြည်တွင်းစစ်ဖိစီးမှုနဲ့ ဘာသာစကား၊ ယဉ်ကျေးမှုတွေကို စနစ်တကျ
ကွယ်ပျောက်အောင် လုပ်ဆောင်ခံထားရတာတွေကြောင့် အစစအရာရာ တဖြည်းဖြည်းဆုတ်ယုတ်
တာတွေကို အခြား မြန်မာပြည်သူတွေထက် ပိုမိုခံစားနေကြရပါတယ်။

     တစ်ချိန်တုန်းကတော့ ကိုယ့်ထီး၊ ကိုယ့်နန်း ပြည်ထောင်နယ်ပယ်တွေရှိခဲ့ဖူးရာမှာ ယနေ့ခေတ်မှာ
ကရင်လူငယ်တွေအနေနဲ့ သိရှိနိုင်ဖို့ အခွင့်အရေး သိပ်မရှိကြတော့ပါဘူး။ ကိုယ်တိုင်ကိုက ကိုယ်နေတဲ့
မြို့အကြောင်းနဲ့ ကရင်နာမည်တွေရဲ့ဇစ်မြစ်ကို သိခွင့်မရခဲ့တာ ကိုယ်တွေ့ပါ။

     ဒီကဏ္ဍမှာတော့ လက်လှမ်းမှီသမျှ စုစည်းပြီး ဗဟုသုတအဖြစ် တင်ပြတာသာဖြစ်ပါတယ်။ ။ လာရောက်ဖတ်ရှုသူများ မသိသေးတဲ့ ဗဟုသုတကလေးတွေ ရယူသွားနိုင်ကြသလို မပြည့်စုံသေးတာ
တွေကိုလည်း အကြံပြု ဖြည့်ဆည်းပေးနိုင်ကြပါတယ်။





















source : Saw Ba Thet

    
  
۞  ရိုးရာဝတ်စုံနဲ့ ယက်လုပ်ပုံလေး၊








  ۞ရိုးရာဓလေ့နဲ့ အသုံးအဆောင်အချို့၊



                                                  



       - မှတ်တမ်းတင်ထားတဲ့ ရိုးရာအသုံးအဆောင်အချို့၊
    -  ဝါးဘီး၊



 - တူရိယာဝိုင်း၊
  - ၁၉၁၇ ခုနှစ်က ကရင် စစ်ရဲအချို့၊

(ဒီကနေ့ ကရင်အချို့ရဲ့ ဘဝ)
ဒီမှာ ဖေါ်ပြထားတာထက် ဆိုးရွားတာတွေကိုတော့ သောသီးခို ဘလော့ မှာ slide-show တွေအဖြစ်နဲ့ သွားရောက် ကြည့်ရှုနိုင်ကြပါတယ် ။ အနိဋ္ဌာရုံ မမြင်လိုသူများအတွက်တော့ မသင့်တော်ဘူးလို့ အကြံပေးလိုပါတယ် ။

No comments:

Post a Comment